ခရမ်း နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေ့စဥ်နံနက်(၇)နာရီကမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask)တပ်ဆင်လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို ကိုဗစ်- ၁၉ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များဌာန ဆိုင်ရာများ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ယာဉ် ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာ ရေး အဖွဲ့ဝင်များ ဈေးကြီးကြပ်ရေးတာဝန်ခံနှင့် ဈေးလုံခြုံရေးများပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်း ချသူ ဈေးဝယ်သူများနှင့် ဈေးရှေတွင် သွားလာနေသူများ စက်ဘီး၊ဆိုင်ကယ်၊ မော်တော်ယာဉ်များ ပေါ်တွင်စီးနင်းလိုက် ပါလာသူများအားနှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိပါကဒဏ်ကြေးငွေ (၁၅၀) ကျပ်၊ maskတစ်ခုတန်ဖိုးငွေ(၅၀) ကျပ်စုစုပေါင်း(၂၀၀)ကျပ်ပေးဆောင်စေပြီး ခုဝယ်ခုတပ်အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။
ကိုမင်း(ခရမ်း )