ရန်ကုန် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော Community Based Facilities Quarantine Centre များအတွက် လိုအပ်နေသည့် PPE-Level (3)ဝတ်စုံများနှင့် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Community Based Facilities Quarantine Centre အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပ ရာ NSKRE Residence (Myanmar) Company Limited မှ တာဝန်ရှိသူများက PPE-Level(3)ဝတ်စုံ အစုံ(၁၀၀)ကိုလည်းကောင်း၊ KONOIKE CONSTRUCTION မှ တာဝန်ရှိသူများက စားသောက်စရိတ်အတွက် ငွေကျပ် (၂၆၀၀၀၀၀/-) (ကျပ်နှစ်ဆယ့် ခြောက်သိန်းတိတိ)အား ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည် ပေးအပ်ခဲ့သည်။
အဆိုပါ လှူဒါန်းရရှိသော PPE-Level(3) ဝတ်စုံများနှင့် အလှူငွေများအား တာမွေမြို့နယ်တွင် ဖွင့်လှစ်ထား သော Community Based Facilities Quarantine Centre များ၌ လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)