မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် စေ့စပ်ညှိ့နှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း  နိုဝင်ဘာ  ၄

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ၊မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဆွေက လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏ ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ယခုရက်အတွင်းရွေးဆက်သွယ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးမိုးနိုင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ တင်ပြထားသည့် စာပါအကြောင်းအရာများကို ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များက ဆွေးနွေးမှုများနှင့် ပတ်သက်၍သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့် ဆွေနှင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)