ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ကြိုတင်မဲပေးနေမှုများနှင့် မဲရုံပြင်ဆင်ထားရှိမှုများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကျောက်မဲ နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများနှင့် ရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုများကို   ခရိုင်အုပ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးထွန်းတို့က ယနေ့နံနက် ၁၉ နာရီခွဲ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်နှင့်အဖွဲ့တို့သည် အမှတ်   ရပ်ကွက် နှင့် ရပ်ကွက်ရှိ  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်မဲပေးနေမှု အခြေအနေများကို ကြည့်ရှုပြီး တာဝန်ရှိသူများအား ပြည်သူများ ကြိုတင်ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာမဲပေးနိုင်ရေး၊ ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ  စီစဉ်ဆောင်ရွက်ပေးရေး  အကြံပြုဆွေးနွေးခဲ့သည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့သည် ရပ်ကွက်နှင့် ရပ်ကွက်အတွင်းရှိ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် မဲရုံများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီးမဲရုံများကို သတ်မှတ်ပုံစံများနှင့်အညီ ဆောင်ရွက်ရန်၊ မဲရုံတွင်းမဲပေးေနစဥ်နှင့်  မဲရုံပြင်ပတွင် စောင့်ဆိုင်းနေစဉ် အတွင်း ပြည်သူများ Social Distancing နှင့်အညီဖြစ်စေရေးအတွက် နေရာများအား ပြင်ဆင်ဆောင်ရွက် ထားရှိရန်တို့ကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် မဲရုံပေါင်း ၉၉ ရုံရှိပြီး မဲဆန္ဒနယ် အမှတ် မဲဆန္ဒရှင် ၆၇၆၂၉ ဦး၊ မဲဆန္ဒနယ် အမှတ်   မဲဆန္ဒရှင် ၅၀၄၆၆ ဦး  စုစုပေါင်း မဲဆန္ဒရှင် ၁၁၈၀၉၅ ဦး ရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)