နောင်ချိုမြို့နယ် ခြေမြစ်ပင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ရင်း ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့သူ၏ မိသားစုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်

နောင်ချို  နိုဝင်ဘာ ၄

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်ရင်း နိုဝင်ဘာလ၂ရက်နေ့က ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့သည့် ယာဉ်ထိန်းရဲအရာခံ ဦးယွမ်းမောင်း၏ မိသားစုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ၎င်းတို့၏ နေအိမ်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၁၀) သိန်းနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ထောက်ပံ့ငွေကျပ် (၁)သိန်း တို့ကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က သေဆုံးသူ၏ဇနီးထံ ပေးအပ်ခဲ့ကာ အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)