ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရွှေကူ     နိုဝင်ဘာ      ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန်ဒူနှင့် တာဝန်ရှိသူများက ရွှေကူမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိရာ၌ မဲရုံအလိုက် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ စနစ်တကျ မဲပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုနှင့် မဲရုံလုပ်ငန်းဆိုင်ရာများ ကြိုတင်ပြင်ဆင်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၃၆)အုပ်စုရှိပြီး မဲရုံပေါင်း(၅၄)ရုံ ဆောင်ရွက်ထားရှိ ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၅၆၈၈)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)