နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးရန် အခက်အခဲရှိသော မဲဆန္ဒရှင်ပြည်သူများအတွက် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကွင်းဆင်း ကောက်ယူ

ပန်ဆောင်    နိုဝင်ဘာ    ၄

စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပန်ဆောင်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဆန္ဒမဲလာရောက်ပေးရန်အခက်အခဲရှိသောမဲဆန္ဒရှင်ပြည်သူများအားမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယနေ့ နံနက်ပိုင်းမှစ၍ပန်ဆောင်မြို့ပေါ် ၃ ရပ်ကွက်ရှိမဲရုံးမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ကကြိုတင်ဆန္ဒမဲများကောက်ယူခြင်းကိုကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အိမ်တိုင်ရာရောက်ဆန္ဒမဲလက်မှတ်များကွင်းဆင်းကောက်ယူခြင်းကိုမြို့အတွင်းရှိမဲပေးရန်အခက်အခဲရှိသောသက်ကြီးဘိုးဘွားများ ၊ နာမကျန်းသူများ ၊ မီးဖွားသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်း သူများကိုမဲပေးခွင့်မဆုံးရှုံး စေရေးအတွက်အိမ်တိုင်ရာရောက်သွားရောက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီဆန္ဒမဲလက်မှတ်များကိုစနစ်တကျကောက်ယူဆောင်ရွက်လျက်ရှိကြောင်းပန်ဆောင်မြို့နယ်ရွှေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးရှမ်းလွှတ်ထံမှသိရသည်။

ဂျာယော် (ပြန်/ဆက်)