ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေတာရှည် နိုဝင်ဘာ  ၄

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်သဖြင့် ရေတာရှည်မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ မဲပေးရမည့်နည်းလမ်းများ သိရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလဖြစ်သဖြင့် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်စျေးနှင့် မြို့တွင်း လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မဲပေးရ မည့် နည်းလမ်းများ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ မဲပေးရမည့် နည်းလမ်းများကို တစ်ဆင့်ပြီးတစ်ဆင့် ကြည့်ရှုပါ ပိုစတာများကို လူစည်ကားရာ နေရာများတွင် ကပ်ထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆု(ပြန်/ဆက်)