မကွေးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၆)ဦး ထပ်တိုးတွေ့ရှိ

မကွေးတိုင်းဒေသကြီးတွင် ယမန်နေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉  ပိုးတွေ့အတည်ပြု လူနာ တိုင်းဒေသကြီးအတွင်း ပိုးတွေ့ လူနာ(၆)ဦး ထပ်တိုးတွေရှိခဲ့ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကာသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျိုင်းတောင်းမြို့တွင် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်၍ မဲရုံများသို့ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျိုင်းတောင်းမြို့အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်တိန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် အသက် (၆၀) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်နာမကျန်းသူများအား အိမ်တိုင်ရာရောက်ကြိုတင် ဆန္ဒမဲပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀) နှစ်အထက် သက်ကြီးရွယ် အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုးကြောင့်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့၌ ရွှေတွင်းဓာတ်အားခွဲရုံ(33/11KV 10MVA) ဖွင့်ပွဲ အခမ်း အနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ရွှေတွင်းဓာတ်အားခွဲရုံ(33/11KV 10MVA) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ၎င်းဓာတ်အားခွဲရုံ၌ ဖွင့်လှစ်ခဲ့သည်။

ဒဂုံမြို့နယ်၌  ပြည်သူများ သား၊ငါးနှင့်အသီးအနှံ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေး Mobile Market ဈေးကားဖြင့် ဒုတိယအကြိမ်ရောင်းချပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း  ပြည်သူများသား၊ငါးနှင့်အသီး အနှံသန့်ရှင်းလတ်ဆတ်ပြီးဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏

နွားထိုးကြီးမြို့နယ်၌ မဲလက်မှတ်များနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး

နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒနယ်မြေ အလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန One stop Service ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွထွေေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲနေ့အတွက် တာဝန် ခွဲဝေ ကြီးကြပ်ခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းအချိန်က  ကမာရွတ် မြို့နယ်၊ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေ

တွံ့တေးမြို့နယ် နှင့်ကော့မှူးမြို့နယ်တို့၏ ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံများနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများဖွင့်ပွဲ အခမ်းအနားများကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သည့်  တွံ့တေးမြို့နယ်နှင့်ကော့မှူးမြို့နယ်တို့၏ ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံများ နှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများဖွင့်ပွဲကို အဆိုပါဓာတ်အားခွဲရုံများနှင့် ကျေးလက်လမ်းများ တွင် ယမန်နေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည် ။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲပေး နေမှုများနှင့်မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အ​ခြေ​အနေများအား ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်စောလင်း နှင့် ဒေါ်နန်းစိုးစိုးသန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်ဦးဇော်လင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များလိုက်ပါလျက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသက်(၆၀)နှစ် ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများပေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများကို ဝေါလေမြိုင်မြို့အတွင်းရှိ ရပ်ကွက် ရွေးကောက်ပွဲ ကောက်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၂၉ ရက်နေ့စတင်၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များလာရောက် မဲပေးလျက်ရှိကြောင်းသိရသည်။
Subscribe to