နွားထိုးကြီး နိုဝင်ဘာ ၅
နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒနယ်မြေ အလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန One stop Service ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ အဖွဲ့ဝင်များနှင့်ဝန်ထမ်းများက ဆန္ဒမဲလက်မှတ်များ၊ လုံခြုံရေးကြိုး၊ အမှန်ခြစ်တံဆိပ်တုံးနှင့်မဲရုံသုံး ဆက်စပ်ပစ္စည်း များကို ထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ မဲဆန္ဒနယ်မြေအလိုက် ရပ်ကွက်နှင့်ကျေးရွာ (၇၂) အုပ်စု၊ ကျေးရွာ (၁၈၈) ရွာ၊ မဲရုံ ၂၂၀ ရုံအတွက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်