မကွေးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၆)ဦး ထပ်တိုးတွေ့ရှိ

မကွေး နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီးတွင် ယမန်နေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉  ပိုးတွေ့အတည်ပြု လူနာ တိုင်းဒေသကြီးအတွင်း ပိုးတွေ့ လူနာ(၆)ဦး ထပ်တိုးတွေရှိခဲ့ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကာသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့အတည်ပြုလူနာတွေက စလင်းက (၂)ဦး၊ ရေနံချောင်း (၁)ဦး၊ မြို့သစ် (၁)ဦး၊ အောင်လံ (၁)ဦးနဲ့ မကွေးက (၁)ဦး တို့ဖြစ်ပါတယ်။ ဒီကနေ့ တွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာတွေထဲက အောင်လံ (၁)ဦးက(Antigen RDT) နဲ့စစ်ဆေးတွေ့ရှိတာဖြစ်ပြီး၊ စောင့်ကြည့်လူနာ(PUI) ဖြစ်ပါတယ်။ မကွေး (၁)ဦးက  မကွေးတိုင်းဆေးရုံကြီး Gene X-pert စက်နဲ့ စစ်ဆေးတွေ့ရှိပြီး  စောင့်ကြည့်လူနာ(PUI) ပါ၊ကျန်တဲ့သူတွေက NHL(PCR) ပိုးတွေ့သူများဖြစ်ပြီး ရန်ကုန်ပြန်များ၊ Quarantine Centre ထားရှိ  ထားသူတွေ ဖြစ်ပါတယ်၊ ယခုအချိန်ထိ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၇၂၈ဦး)ရှိပြီ ဖြစ်ပါတယ်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြု ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါပိုးဟာ မိမိအနီးပတ်ဝန်းကျင်မှာ ရောက်ရှိနေနိုင်တဲ့အတွက် အပြင်ထွက် တိုင်း Mask ကို စနစ်တကျ တပ်ပါ၊ လက်ကိုဆပ်ပြာ/Hand Gel တို့နဲ့ မကြာခဏဆေးပါ၊ လူစုလူဝေး ရှောင်ရှားကြပါ၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ အကွာမှသာ ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ မိမိအိမ်မှာသာ နေကြပါ၊ မလိုအပ်ပဲ အပြင်မထွက်ကြဖို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းနိုးဆော်ထားကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)