ဒဂုံမြို့နယ်၌  ပြည်သူများ သား၊ငါးနှင့်အသီးအနှံ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေး Mobile Market ဈေးကားဖြင့် ဒုတိယအကြိမ်ရောင်းချပေး

ဒဂုံ        နိုဝင်ဘာ      

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း  ပြည်သူများသား၊ငါးနှင့်အသီး အနှံသန့်ရှင်းလတ်ဆတ်ပြီးဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ကြီးမှူး၍ညီနောင်လုပ်ငန်းရှင်အသင်းတို့ကယနေ့နံနက်၇နာရီကယောမင်း ကြီးရပ်ကွက်၌ မော်တော်ယာဉ်()စီးဖြင့် ဒုတိယအကြိမ် ရောင်းချပေးကြောင်းသိရသည်။

ရောင်းချပေးရာတွင် သန့်ရှင်းလတ်ဆတ်ပြီး အသား၊ငါးနှင့်အသီးအနှံများကိုဝယ်ယူသူအဆင်ပြေ စေရန်ဈေးတင် ရောင်းချခြင်းမရှိဘဲဈေးနှုန်းချိုသာစွာဝယ်ယူ ရသဖြင့်ငါးရက်တစ်ကြိမ်ရောင်းချပေးစေလို ကြောင်းကိုယောမင်းကြီးရပ်ကွက်ပြည်သူတစ်ဦးကပြောသည်။

အဆိုပါအခြေခံစားသောက်ကုန်များရောင်းချ ရာတွင်လည်း ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ရေး  နည်းလမ်းများနှင့်အညီ   ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)