ကောလင်း နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ရွှေတွင်းဓာတ်အားခွဲရုံ(33/11KV 10MVA) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ၎င်းဓာတ်အားခွဲရုံ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးနှင့်ဒေါ်ဖြူဖြူဝင်း၊ခရိုင်စီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။
ရွှေတွင်း ဓာတ်အားခွဲရုံ(33/11KV 10MVA)ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊Asia Development Bank(ADB)Project အစီအစဥ်ဖြင့်တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်၍ ကျေးရွာအုပ်စု(၁၂)အုပ်စု၊ကျေးရွာပေါင်း (၁၂၀)ကျော်ရှိရာ ရွှေတွင်း၊လယ်ရင်းတဲ၊ညောင်ပင်လှ၊ ဥက္ကံ၊ မိုးနှံ၊သုဝဏ္ဏ၊တဂေါင်းအိုင်၊အိုင်ကြီးရွာမ၊မကျည်းပင်စု၊ကြာအင်းကုန်း၊ချောင်နား၊သုဝဏ္ဏစသည့်ကျေးရွာများ ၂၄နာရီမီးရရှိပြီး ကျန်ရှိနေသည့် ကျေးရွာများအား ၂၀၂၀-၂၀၂၁ဘဏ္ဏာနှစ်တွင် မီးရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှစ်စစ်အင်ဂျင်နီယာ ဦးဇင်းမင်းထွန်း ထံမှ သိရသည်။
အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ကောလင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(မြို့နယ် ပြန်/ဆက်)