မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ဟင်းသီးဟင်းရွက် နှင့် မိုးစပါး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု(CERP) အစီစဉ်ဖြင့်စိုက်ပျိုးထားသော မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား နည်းပညာများ ရရှိနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ဘူတာကျေးရွာ ဟင်းသီးဟင်းရွ က်စိုက်ပျိုး ထားသော တောင်သူများ ၊ အောင်ချမ်းသာကျေးရွာ နှင့် ခင်မွန်ကျေးရွာ မိုးစပါး CERP အစီစဉ်ဖြင့် စိုက်ပျိုးထား သော မျိုးသန့်မျိုးစေ့ထုတ် တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ တာဝန်ခံနှင့်အဖွဲ့သည် နိုဝင်ဘာလ (၁၂) ရက်၊ နံနက်(၁၀)နာရီ အချိန်က တောင်သူများအား နည်းပညာများ ရရှိနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။