ကျောင်းကုန်းမြို့ကြိုတင်ဆန္ဒမဲပေးနေမှု စပိန်နိုင်ငံသား ကြည့်ရှုလေ့လာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူ စပိန်နိုင်ငံသား Mr. Ignacio Refugees Perello သည် မြန်မာစကားပြန် ဒေါ်ပြုံးဆုပိုင်နှင့်အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန့်တွင် ရောက်ရှိပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းနှင့် တွေ့ဆုံ ခဲ့သည်။