ကျိုင်းတောင်းမြို့တွင် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်၍ မဲရုံများသို့ ကွင်းဆင်းစစ်ဆေး

ကျိုင်းတောင်း နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ() ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျိုင်းတောင်းမြို့အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် နာရီခန့်က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်တိန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိုးနဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးညွှန့် က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ဆွေးနွေးတင်ပြ၍ တက်ရောက်လာသော မဲရုံမှူး၊ ဒုတိယ မဲရုံမှူးတို့မှ မိမိတို့၏ မဲရုံလိုအပ်ချက်များ၊ အခက်ခဲများကို ဆွေးနွေးတင်ပြခဲ့ကြပြီး မဲရုံတွင် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိုးနဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးညွှန့် နှင့်အဖွဲ့ဝင်များမှ ကျိုင်းတောင်းမြို့ပေါ် ရပ်ကွက်()ရပ်ကွက်ရှိ မဲရုံများသို့ မဲရုံပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)