လှိုင်းဘွဲ နိုဝင်ဘာလ ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်စောလင်း နှင့် ဒေါ်နန်းစိုးစိုးသန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်ဦးဇော်လင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များလိုက်ပါလျက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသက်(၆၀)နှစ် ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်း လှိုင်းဘွဲမြို့နယ်အတွင်း ကမော့လဲ(ကျောင်း)၊မြိုင်ကြီးငူ၊ တခွက်ဖိုး၊ အင်းနို့သိပ္ပံ၊ ရွှေဂွန်း၊ ကြို့ချောင်း၊ ကျုံပကို၊ တဝန်ဖန်ရ ကျေးရွာများရှိ အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြီးကြပ်ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ၊ ဥပဒေနှင့်အညီ မဲရုံ အတွင်း/အပြင် သတ်မှတ်ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်နယ်/ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)