၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ဆန္ဒမဲလက်မှတ်များ လုံခြုံရေးနှင့် ရွေးကောက်ပွဲနေ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် အတွင်းရှိ မဲရုံပေါင်း ၂၀၀ မှ မဲဆန္ဒရှင်စာရင်းများ စိစစ်လက်ခံဆောင်ရွက်နိုင်ရန် ပုသိမ်မြို့နယ် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတိုက်နယ်များ အလိုက် ဖွဲ့စည်းတာဝန်ခွဲဝေဆောင်ရွက်သွားမည့် ကိစ္စရပ်တို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နေ့လည် ၁၁ နာရီအချိန်က ပုသိမ်မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။