နတ်မောက်မြို့နယ် ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲလက်မှတ်များ သွား ရောက်ထုတ်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မဲဆန္ဒနယ်မြေအတွင်းရှိ မဲရုံအသီးသီးသို့ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အလိုက်ဆန္ဒမဲလက်မှတ်များ ထုတ်ဝေဖြန့်ချီမှုကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က သွားရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့၌ ရပ်ကွက်၊ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

သရက်ခရိုင် မင်းလှမြို့နယ်တွင် ဆန္ဒမဲ ပေးရန်အတွက် မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်း များ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်မဲလက်မှတ်များနှင့်မဲရုံသုံးပစ္စည်းများထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင်ထုတ်ပေးခဲ့ကြောင်းသိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကိုရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဥ် များဖြင့် လှည့်လည်ရောင်းချပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ကားများဖြင့် လှည့်လည်ရောင်းချပေး ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီက ကဝမြို့ ငါးထပ်ကြီးဘုရား ရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ခရမ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲအတွက်မဲရုံများ ပြင်ဆင်ပြီးစီးမှုနှင့် ဆောင်ရွက်နေ မှုများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်မှု့နှင့် ပြီးစီးမှု့များကို ယမန်‌နေ့နံနက် ‌၁၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲဝင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲအဖွဲ့ဝင်များ ကမြို့နယ်အတွင်းရှိ မဲရုံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားဆွေး နွေးပေးခဲ့ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းပြည်ပမှ ကြိုတင် ဆန္ဒမဲများအား မဲပုံးအတွင်းသို့ ထည့်သွင်းသိမ်းဆည်းခြင်း ပြုလုပ်

ပဲခူးတိုင်ဒေသကြီး တောင်ငူခရိုင်၊ ကျောက်ကြီးမြို့ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြည်တွင်း ပြည်ပမှ ကြိုတင်ဆန္ဒမဲများအား မဲပုံးအတွင်းသို့ ထည့်သွင်းသိမ်းဆည်းခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ကုန်သည်စက်မှုအသင်းချုပ်၏  စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပ

လမ်းမတော်မြို့နယ်  ကုန်သည်စက်မှုအသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို  ယမန်နေ့တွင် Video Conferencing ဖြင့်ကျင်းပခဲ့ရာအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကား

တံတားဦးမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး‌ဟောပြော

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကလေးငယ်များ ကျန်းမာသန်စွမ်းရေးနှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to