နတ်မောက် နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မဲဆန္ဒနယ်မြေအတွင်းရှိ မဲရုံအသီးသီးသို့ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အလိုက်ဆန္ဒမဲလက်မှတ်များ ထုတ်ဝေဖြန့်ချီမှုကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က သွားရောက်ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက အဖွဲ့ ( ၉)ဖွဲ့ ခွဲကာ မိမိတို့တာဝန်ကျသည့် နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ သို့ ထုတ်ပေးလျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ မြို့နယ် အား/ကာမှူး နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတာဝန်ခံတို့က ဖန်ခါးစမ်း ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးစုရပ်နယ်မြေ၌ ကျေးရွာအုပ်စု ( ၉ ) အုပ်စုရှိ ဆန္ဒမဲ လက်မှတ်များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၈၀) အုပ်စု ကျေးရွာပေါင်း (၂၃၄) ရွာရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ( ၁၉၀၀၀၀) ကျော်ရှိကြောင်း သိရသည်။
လှဝင်း (နတ်မောက်)