ခရမ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲအတွက်မဲရုံများ ပြင်ဆင်ပြီးစီးမှုနှင့် ဆောင်ရွက်နေ မှုများအား ကွင်းဆင်းစစ်ဆေး

ခရမ်း နိုဝင်ဘာ   ၆

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်မှု့နှင့် ပြီးစီးမှု့များကို ယမန်‌နေ့နံနက် ‌၁၁ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲဝင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲအဖွဲ့ဝင်များ ကမြို့နယ်အတွင်းရှိ မဲရုံများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားဆွေး နွေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဦး၊ ခရမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များဖြစ်ကြသည့် ဒေါက်တာစမြင့်သိန်း၊ ဒေါ်မြင့်မြင့်ခိုင်၊ ဒေါ်တင်လိူင်၊ ဦးအေးချို၊ ဦးကျော်မင်းတို့နှင့်အတူ အမှတ်(၄)ရပ်ကွက်နှင့် အမှတ် (၅)ရပ်ကွက်ရှိ မဲရုံများ၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊တမံကြီးကျေးရွာအုပ်စု၊ ကျုံတူးကျေးရွာ အုပ်စုများအတွင်းရှိမဲရုံများ ပြင်ဆင် ထားရှိမှု့နှင်  ပြင်ဆင်ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်ချက်များအားလမ်း ညွှန်မှာကြားပြီး မဲရုံနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များ၊ သထိထားရှိရမည့် စည်းမျဉ်းစည်းကမ်းများ၊ မဲပေးမှုနှင့် သက်ဆိုင်သည့် လမ်းညွှန်မှာကြားချက်များ၊ ထုတ်ပြန်ချက်များအား တာဝန်ရှိမဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များအားတွေ့ဆုံ၍ လမ်းညွှန်မှာကြားဆွေးနွေးပေးခဲ့ကြောင်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး  တောင်ပိုင်းခရိုင်ခရမ်း မြို့နယ်တွင် ရပ်ကွက်  ၁၃ ရပ်ကွက်၊ကျေးရွာ အုပ်စုပေါင်း (၅၃)အုပ်စု ရှိရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်  ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂၇၈၀၇  ဦးကျော် ရှိပြီး မြိုနယ်အတွင်း မဲရုံစုစုပေါင်း (၂၀၄) ရုံအထိရှိကြောင်း  ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ကိုမင်း(ခရမ်း )