မက်မန်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်၊ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆန္ဒမဲလက်မှတ်များ၊ မဲရုံသုံးပစ္စည်းများထုတ်ပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွေးရေးမှူး ဦးပြည့်ဖြိုးအောင်မှဦးစီးပြီး မဲပုံးများ၊ လျှို့ဝှက်ဆန္ဒပြုခန်းများ၊ ဆန္ဒပြုမည့် တံဆိပ်တုံးများ၊ တာလီမှတ်ရန် စာရွက်၊ပျက်စီးသွားသော မဲလက်မှတ်များထည့်ရန်စာအိတ်၊ LEDမီးအိမ်၊ Face Shield mask၊ တစ်ခါသုံးလက်အိတ်၊ လက်သန့်ဆေးရည်၊ ပိုးသတ်ဖြန်းဆေးရည်၊ PPEဝတ်စုံ(၅)စုံ စသည့် မဲရုံသုံး ပစ္စည်းများကိုရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌနှင့်အဖွဲ့ဝင်များကို ထုတ်ပေးလျက်ရှိပြီး မက်မန်းမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၁၁)အုပ်စု မဲရုံပေါင်း(၄၃)ရုံရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၁၆၀၈)ဦး ရှိကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)