သရက်ခရိုင် မင်းလှမြို့နယ်တွင် ဆန္ဒမဲ ပေးရန်အတွက် မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်း များ ထုတ်ပေး

အထက်မင်းလှ  နိုဝင်ဘာ  ၆

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ  ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်မဲလက်မှတ်များနှင့်မဲရုံသုံးပစ္စည်းများထုတ်ပေးခြင်းကို ယမန်နေ့  နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင်ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ မဲရုံသုံးပစ္စည်းများထုတ်ပေးရာ၌ မင်းလှမြို့နယ်အတွင်းရှိ မဲရုံများတွင် အသုံးပြုရန် အတွက် မဲလက်မှတ်များ၊မှင်အိုး၊မီးအိမ်နှင့်မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး များအားထုတ်ပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ရပ်ကွက် ၆ ရပ်ကွက်၊ကျေးရွာအုပ်စု ၆၃ အုပ်စုတွင်မဲရုံ ပေါင်း ၁၂၀ ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပေါင်း ၁၀၁၆၅၈  ဦးရှိကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)