ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေနှင့်အဖွဲ့ဝင်များ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိမဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေ၊ တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၄ ရက်နေ့က ထားဝယ်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံတည်ဆောက်ထားရှိမှု နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ကြည့်ရူစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံ တည်ဆောက်ထားရှိမှုအား ယမန်​နေ့က နေပြည်တော်ကောင်စီဝင်ဦးညီထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းမဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက်မဲရုံများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက်မဲရုံများပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများ ကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

လေးမျက်နှာမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးသူ (၈၄၈၃)ဦး လာရောက် ဆန္ဒမဲပေးပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးသို့ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ (၈၄၈၃)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကြံခင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ အသင်းသားများစိုက်ပျိုးထားသောစပါးများအား ကာလပေါက်ဈေးဖြင့်ဝယ်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်သမဝါယမအသင်းစုလီမီတတ်မှ သမဝါယမ အသင်းသားများ စိုက်ပျိုးထားသောစပါးများကို ယမန်နေ့ နံနက်ပိုင်းမှစပြီး ကြံခင်းမြို့ရွှေပြည်ဝင်း ဆန်စက်ဝန်းအတွင်း သမဝါယမစပါးအဝယ်ဒိုင်တွင် ဝယ်ယူလျက်ရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၌(Quarantine)ဝင်ရောက်နေသူမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် Quarantine ဝင်ရောက်နေသူ မဲဆန္ဒရှင်များ မှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက Quarantine များ တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အင်းစိန်ဆေးရုံကြီး ခွဲစိတ်ခန်းတွင်အသုံးပြုရန် (PAPR) စက်တစ်စုံကို မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန MRTV ဝန်ထမ်းဟောင်းများအသင်းကလှူဒါန်း

အင်းစိန်ခွဲစိတ်ခန်းတွင်လိုအပ်နေသော မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းတို့ ခွဲစိတ်ရာတွင် အသုံးပြုသော (PAPR) စက်တစ်စုံကို ယနေ့ နံနက်  ၉ နာရီက အင်းစိန်ဆေးရုံကြီးတွင် မြန်မာ့ ရုပ်မြင်သံကြားနှင့်

အင်တောမြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အင်တောမြို့တွင် မဲရုံများမီးဘေးလုံခြုံရေးအတွက် ကြိုတင်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများမီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေးဆောင်ရွက်ခြင်းကို အင်တောမြို့ နယ်မြေမီးသတ်စခန်းမှ နိုဝင်ဘာ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မဲရုံသုံးပစ္စည်းများ၊ ဆန္ဒပြုမဲလက်မှတ်များနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံသုံးပစ္စည်းများဆက်လက်ထုတ်ပေးခြင်းနှင့် ဆန္ဒမဲပေးရာတွင် အသုံးပြုရန်အတွက် ဆန္ဒပြုမဲလက်မှတ်များ၊ ကိုဗစ်−၁၉ ရောဂါကာကွယ် ရေး သုံးအထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စာရင်းစစ်ရုံး၌ မြို့နယ် ရွေးကောက်ပွဲတာဝန်ရှိသူများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to