မိုင်းနောင်မြို့တွင် မျိုးကောင်းမျိုးသန့် ရွှေရင်အေး မိုးစပါး စံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေး မျိုးကောင်းမျိုးသန့် မိုးစပါး စံကွက်ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရိတ်သိမ်းခဲ့ကြသည်။

(၃၂)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၇)ရက်နေ့တွင် ကျရောက် မည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၂)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က မြစ်သားမြို၊ ရှမ်းပွဲရပ်ကွက်ရှိ လေးမျက်နှာဘုရားတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့၌ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက်ခွဲဝေပေးအပ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအလိုက် ခွဲဝေထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယာယီမဲရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ထီမန်ကျေးရွာရှိ ယာယီမဲရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ကြိုတင်ပြင် ဆင်ထားရှိမှုအား ယမန်နေ့ညနေ ၄ နာရီအချိန် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

လိုင်လင်းပီမြို့၌ မဲရုံများ မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းစွာဆန္ဒမဲ ပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်မြေမီးသတ်စခန်းတာဝန်ခံ လျန်တီလ် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲ အချိန်ခန့်ကဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့နယ်အတွင်း မဲရုံများ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးကြမည့် မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀နာရီ က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်အတွင်းရှိ မဲရုံများအတွက် ဆန္ဒပြုမဲလက်မှတ်များ စနစ်တကျပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒပြုမဲလက်မှတ်များအား နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီမှ မဲရုံပြင်ဆင်ထားရှိမှုအခြေအနေနှင့် ကြိုတင်ဆန္ဒမဲပေးနေမှုများကိုကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့မှ ရပ်ကွက်အတွင်းရှိ မဲရုံများပြင်ဆင်ထားမှုအခြေအနေများနှင့် ကြိုတင်ဆန္ဒမဲ ပေးနေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ Quarantine ဝင်ရောက်သီတင်းသုံးနေသည့် သံဃာတော်များအား တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဆွမ်းဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေဦးဆောင်၍ ကော်မတီဝင်များမှ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ပုသိမ်ကြီးမြို့ ဗောဓိဉာဏဓမ္မရိပ်သာတွင် Quarantine ဝင်ရောက်သီတင်းသုံးနေသည့် သံဃာတော်များအား အာဟာရဒါနဆွမ်းများ ဆက်ကပ်လှူဒါန်းလျှက်ရှိသည်။
Subscribe to