ကုန်သည်စက်မှုအသင်းချုပ်၏  စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ကျင်းပ

လမ်းမတော်  နိုဝင်ဘာ 

လမ်းမတော်မြို့နယ်  ကုန်သည်စက်မှုအသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို  ယမန်နေ့တွင် Video Conferencing ဖြင့်ကျင်းပခဲ့ရာအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကား  ပြောကြားခဲ့ရာတွင် ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပ Online အစည်းအဝေးများတက်ရောက်နေပြီး  အသင်း ချုပ်မှ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအား မြှင့်တင်နိုင်ရန် ကြိုးပမ်း  လျက်ရှိပါကြောင်း၊ ညီနောင်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း  ညှိနှိုင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ လိုအပ်သည်များလည်းအချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တက်ရောက်လာသည့် စီမံခန့်ခွဲရေးကော်မတီဝင်များမှ ဆန်စပါး၊ ပြောင်း၊ နှမ်း၊ ပဲအမျိုးမျိုးနှင့်  MSME လုပ်ငန်းများအထောက်အကူပြုစေမည့် သိုလှောင်ရုံများ၊ အခြောက်ခံစက်များ တည်ဆောက်ခြင်း  အတွက် Project Proposal တင်ပြခြင်း၊အသင်းနှစ်သင်းမှအသင်းချုပ်ညီနောင်အသင်းအဖြစ် အသိ အမှတ်  ပြုရန် တင်ပြလာခြင်းကိစ္စရပ်များ၊ အသင်းချုပ် အလုပ်ရှင်အဖွဲ့အစည်းဌာန (EOD) ၏ ဆောင်ရွက်ချက်များ၊ အသင်းချုပ်၏  ဘဏ္ဍာရေးကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပုဂ္ဂလိက စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အကြံပြုဆွေးနွေးခြင်းနှင့်  သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ဆဲကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြ  ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူး ၊ တွဲဖက်ဘဏ္ဍာရေးမှူးများ ၊ အကျိုးဆောင်စာရင်းစစ်၊ တွဲဖက် အကျိုးဆောင်စာရင်းစစ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)