မိုင်းငေါ့မြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မိုင်းငေါ့ နိုဝင်ဘာ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများတွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့ ၊ကြက်ညှာ၊ အသည်းရောင်အသားဝါ(B)ပိုး၊ ဦးနှောက်မြှေးရောင် (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ(၁၁)မျိုး အပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျော ဖြစ်စေတတ်သော(Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်အ‌လေးချိန် မှတ်တမ်း ရယူခြင်းများ ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

                                                                                                                            မြင့်သွယ်( မိုင်းငေါ့ပြန်/ဆက်)