တံတားဦးမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး‌ဟောပြော

တံတားဦး၊ နိုဝင်ဘာ 

 

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကလေးငယ်များ ကျန်းမာသန်စွမ်းရေးနှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို  မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနဝန်ထမ်းများက မွေးကင်းစကလေးငယ်များနှင့် အသက်(၂၀)နှစ်အောက် ကလေးငယ်များကို  ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့ ကြက်ညှာ မေးခိုင် အသည်းရောင်အသားဝါ (B)ပိုး ဦးနှောက်အမြှေးရောင်၊ () မျိုးစပ်ကာကွယ်ဆေး ပိုလီယိုအကြောသေ ဝက်သက် ဂျိုက်သိုး ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၁)မျိုးအပြင်  ပြင်းထန်ဝမ်းပျက် ဝမ်းလျှော ဖြစ်စေသော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်အလေးချိန် မှတ်တမ်းရယူခြင်းများ ကိုယ်ဝန်ဆောင်မိခင်လောင်းများအား မေးခိုင် ဆုံဆို့ ကာကွယ်ဆေးထိုးပေး ခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတာဝန်ခံ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နွယ်နွယ်ဦးက လစဉ်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ပတ်သက်ပြီး ကာကွယ်နိုင်သည့်ရောဂါများအကြောင်းကို အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)