ကျောက်ကြီး နိုဝင်ဘာ ၆
ပဲခူးတိုင်ဒေသကြီး တောင်ငူခရိုင်၊ ကျောက်ကြီးမြို့ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပြည်တွင်း ပြည်ပမှ ကြိုတင်ဆန္ဒမဲများအား မဲပုံးအတွင်းသို့ ထည့်သွင်းသိမ်းဆည်းခြင်းကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်အိစုထွန်းမှ ပြည်တွင်း ပြည်ပမှ ပေးပို့လာသော ကြိုတင်မဲ လက်မှတ်အကြောင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ချပြရှင်းလင်းခဲ့ပြီး ပြည်တွင်းမှ ကြိုတင်မဲဆန္ဒရှင်(၉)ဦး ပြည်ပမှ ကြိုတင်မဲဆန္ဒရှင်(၁၄၈)ဦးတို့၏ ကြိုတင်ဆန္ဒမဲ လက်မှတ်များအား ကြိုတင်ဆန္ဒမဲပုံး အတွင်းသို့ ထည်သွင်းခဲ့ကြကြောင်း သိရသည်။
Kခိုင် (ပြန်/ဆက်)