မင်းလှ(အောက်) နိုဝင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရုံအခင်းအကျင်းနှင့် ဆောင်ရွက်ထားရှိမူ အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဒေါ်ခင်သီတာ၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းဝေအောင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးခင်မောင်ဆွေတို့က အမှတ်(၃) လမ်းမတော်ရပ်ကွက်ရှိ အမှတ်(၃) ရပ်ကွက်မဲရုံ၊ အမှတ်(၅) ရုံးလမ်းရပ်ကွက်ရှိ အမှတ်(၅)ရပ်ကွက်မဲရုံနှင့် သရက်တပင်ကျေးရွာအုပ်စု၊ သရက်တပင် မဲရုံအမှတ်(၁)တို့တွင် မဲရုံမှူး ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မဲစာရင်းများ ကပ်ထားမှုနှင့် မဲရုံဆောင်ရွက် ထားရှိမှု အခင်းအကျင်း အခြေအနေများ၊ မဲဆန္ဒရှင်များအတွက် ဆန္ဒပြုခန်းများနှင့် မဲပုံးများစီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကြိုတင်မဲပေးပြီးစီးမှု အခြေအနေများ၊ မဲပေးရာတွင် စနစ်တကျရှိရေး၊ မဲပေးမည့်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ အဆင်ပြေချောမွေ့လွယ်ကူ၊ လုံခြုံစွာ မဲပေးနိုင်ရေးနှင့် ကြိုတင်မဲပုံးများအား စနစ်တကျ သိမ်းဆည်းရေး လုပ်ငန်းများကိုကြည့်ရူ့ စစ်ဆေးမှာကြားပြီး၊ ရွေးကောက်ပွဲကြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွန် မှာကြားခဲ့ကြောင်း သိရသည်။
ပေါက်စ( မင်းလှ)