ဟိုမိန်းမြို့မီးသတ်ဦးစီးဌာနမှ မြို့ပေါ်မဲရုံများမီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ဟိုမိန်း    နိုဝင်ဘာ   

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့မီးသတ်ဦးစီးဌာနမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ရက်နေ့တွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းပြီး အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်() ရပ်ကွက်ရှိ မဲရုံများ မီးဘေးလုံခြုံမှု ရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် လျှပ်စစ်မီးကြောင့် မီးလောင်မှုမရှိစေရေးအတွက် မဲရုံများ ထားရှိဖွင့်လှစ်မည့် ဆေးရုံနှင့်ကျောင်းများတွင် တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ တပ်ဆင်ထားမှု ရှိ၊မရှိ စစ်ဆေးခြင်း၊ မီးဘေးမတော်တဆ ဖြစ်ပွားမှုရှိလာပါက  မီးသတ်ဆေးဘူးကို စနစ်တကျအသုံးပြုပြီး အရေးပေါ် မီးငြှိမ်းသတ်နိုင်စေရန် မဲရုံဝန်ထမ်းများအား လက်တွေ့ သရုပ်ပြခြင်း၊ မဲရုံများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/မရှိနှင့် မဲရုံအလိုက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ ဟိုမိန်းမီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအိုက်ခမ်းခိုင် ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)