ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းရွာသစ် နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ ထီးတပလူးထကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက် ပွဲဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များအား အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က ဖွင့်လှစ်သင် ကြားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆင့်ပွားသင်တန်းတွင် အောက်တိုဘာလ (၂၈)ရက်နေ့က မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များ အသိပေးသင်တန်းတက်ရောက်ခဲ့သော မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေး ရွာအုပ်စုများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာသိရှိလိုက်နာရမည့်အချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မီဒီယာကိစ္စများ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့် ပူးတွဲပုံစံများ၊ မဲရေတွက် ခြင်း၊ ထုတ်ပိုးခြင်း၊ မဲရလာဒ်ပုံစံ(၁၆)/၁၆-က ရေးသွင်းခြင်း၊ မဲရုံခင်းကျင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ ကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)