ကျောက်ဆည်မြို့တွင် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဆည်  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ် ကင်းဝေစေရန်အတွက် ပြည်လုံနိုင်ရပ်ကွက်နှင့် မြင်စိုင်းရပ်ကွက်များရှိ မဲရုံများနှင့် ပတ်ဝန်းကျင်နေရာ များတွင် ယနေ့နံနက်()နာရီက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်ထွန်း၏ လမ်းညွှန်မှုများ နှင့် အတူ မြိုနယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်းဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင်()ဦး၊ အရန်တပ်ဖွဲ့ဝင်()ဦး တို့မှ မဲရုံနှင့် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လျှပ်စစ်မီး သုံးစွဲမှု၊ ထင်းမီးသုံးစွဲမှု အခြေအနေများနှင့် မီးသတ်ဆေးဘူးများထားရှိမှုနှင့် ရေကန်များတွင် ရေများဖြည့်ထားရေး  စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြို့မ(၁၀)နှင့် ကျေးရွာအုပ်စု(၈၇)အုပ်စုရှိပြီး ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း(၂၂၀)ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)

                                                                                                                        ၀၉-၄၂၉၂၂၂၇၂၈