တန့်ယန်းမြို့နယ်တွင် မဲရုံများအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပေးအပ်

တန့်ယန်း  နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးသုံး အထောက်အကူပြု ပစ္စည်းများအား ယနေ့ နံနက်ပိုင်းက ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက KN 95 Mask ၉၂၆၅၀-ခု၊ Exam Glove(pcs) ၅၈၆၀-ခု၊ Face Shield ၃၃၅-ခုနှင့်  Level-2 Level-3 အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးသုံး အထောက်အကူပြုပစ္စည်းများအား မြို့နယ်တွင်းရှိ မဲရုံပေါင်း (၇၉)ရုံအတွက် မဲရုံ တစ်ရုံချင်းအလိုက် ခွဲဝေ၍ ထုတ်ပေးနေလျက်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ရပ်/ကျေးစာရေးနှင့် တာဝန်ရှိသူများက လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။  

မင်းလွင်ဦး(ပြန်/ဆက်)