ဝမ်းတွင်းမြို့နယ်ရှိ Community Based Facility Quarantine သို့ ဝင်ရောက်နေသူများ ကြိုတင်မဲများ ပေးအပ်ပြီးစီး

ဝမ်းတွင်း၊ နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် Community Based Facility Quarantineသို့ ဝင်   ရောက်သူများအနေဖြင့် ယမန်နေ့ နံနက်(၁၁)နာရီမှစတင်ကာ ကြိုတင်ဆန္ဒမဲများပေး အပ်ပြီး ဖြစ်ကြောင်းသိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ Community Based Facility Quarantine တွင် နေရာဒေသအသီးသီမှပြန် လည်ဝင်ရောက်လာသူများကို ထားရှိဆောင်ရွက်လျက်ရှိပြီး ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရန်မြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီဝင်များမှ ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း နေရပ်ဒေသအသီးသီးမှပြန်လည်ဝင်ရောက်လာ သူ(၃၁)ဦးရှိကာကြိုတင် ဆန္ဒမဲများကို မိမိတို့သဘောဆန္ဒအလျှာက်လွတ်လပ်စွာပေးအပ်ပြီးဖြစ်ကြောင်းနှင့် ထပ်မံဝင် ရောက်လာ သူများအားလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လိုအပ်သည်များကိုကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်မြို့နယ်အတွင်းပြန်လည်ဝင်ရောက်လာသူများ၏ ကျန်းမာဆိုင် ရာစောင့်ရှောက်မှု လုပ်ငန်းများကိုမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မ တီ၏လမ်းညွှန်ချက်များနှင့်အညီပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိCovid-19-Officer ဒေါက်တာမြသက်ဆွေဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)