ရေစကြို နိုဝင်ဘာ ၆
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာ၄ရက် က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးခဲ့သော ကျေးရွာအုပ်စုများနှင့် ကျေးရွာများ သို့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန်က ရေစကြိုမြို့နယ်က တာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန် ပျက်စီး ခဲ့သော ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရွှေလှံကျေးရွာနှင့်မြေဖြူ- မုံညှင်းကျေးရွာအုပ်စု၊ မြေဖြူကျေးရွာတို့တွင် လူနေအိမ်ပြိုကျပျက်စီး ၄ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် ၁၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် လူဦးရေ ၅၉၄ ဦးတို့အတွက် ဆန်ရိက္ခာဖိုး ၁၂၄၇၄၀ဝိ/- ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ၃၉၄၂၀၀ဝိ/-ကျပ်၊ စုစုပေါင်းငွေကျပ် ၅၁၈၉၄၀ဝိ/- ကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
နွယ်နွယ်အောင်( ပြန်/ဆက်)