မော်လမြိုင်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေး သည့် မဲဆန္ဒရှင်ပြည်သူ(၃၃၈၅၈)ဦးရှိပြီဖြစ်

မော်လမြိုင်      နိုဝင်ဘာ           ၆

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာများတို့တွင် သွားရောက်ဆန္ဒမဲပေးလျက်ရှိရာ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူ(၃၃၈၅၈)ဦးရှိပြီဖြစ် ကြောင်း မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထိုကြိုတင်ဆန္ဒမဲလာရောက်ပေးသူများသည် အသက်(၆၀)နှစ်နှင့် အထက် အသက်အရွယ်ကြီး ရင့်သူများ၊ ရပ်ဝေး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ တို့ဖြစ်ပြီး နိုဝင်ဘာ ၆ ရက် နေ့နှင့် ၇ ရက်နေ့တို့တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့်သူများ၊ အချုပ်ထောင်မှ အချုပ်သားများ၊ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများတို့မှ ကြိုတင်ဆန္ဒမဲများ ပေးမည် ဖြစ်ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မော်လမြိုင်မြို့နယ်၌ ဆန္ဒမဲ ပေးရန် မဲဆန္ဒရှင်ပြည်သူ (၂၄၈၁၄၅)ဦးပြီး မဲရုံ(၁၁၉)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။

ဝေလင်း(မော်လမြိုင်)