အိမ်မဲ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲရုံ (၁၆၂) ရုံကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီအချိန်က တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ရာ ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေကွာဖြင့် တန်းစီစောင့်ဆိုင်းစေပြီး နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့် မပါရှိသူများကို နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ မဲရုံအဝင်တွင်လည်း အပူချိန်တိုင်းခြင်း ဟန်းဂျယ်များဖြင့် လက်ဆေးခြင်းများ ဆောင်ရွက် ပေးကြောင်း သိရသည်။
အိမ်မဲမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်ကျေးရွာ အုပ်စု (၁၀၂) အုပ်စု၌ မဲရုံပေါင်း (၁၆၂) ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ကျား (၇၂၉၇၈) ဦး ၊ မ (၇၈၆၁၄) ဦး ၊ စုစုပေါင်း (၁၅၁၅၉၂) ဦး ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)