ကျောက်မဲမြို့နယ်တွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေး

ကျောက်မဲ နိုဝင်ဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

မဲရုံအသီးသီးသို့လာရောက် ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင် ပြည်သူများကို ကိုဗစ် - ၁၉  ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန်  မဲရုံတာဝန်ရှိသူများက အဖျားတိုင်းခြင်း၊ ရေမလို လက်သန့် ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာခြား၍ နေရာချပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောက်မဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၁၁၈၀၉၅) ဦး၊ မဲရုံပေါင်း (၉၉) ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရှိရပါသည်။

မိုင်းထွန်း(ပြန်/ဆက်)