ကောလင်း နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်တွင် မဲဆန္ဒရှင်းပြည်သူများ ယနေ့ နံနက် ၆ နာရီမှစတင်၍ ကျန်းမားရေးလမ်းညွှန်ချက်နှင့်အညီ အေးချမ်းစွာ မဲပေးလျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စု (၅၄) အုပ်စုရှိပြီး မဲရုံပေါင်း (၁၃၃) ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၁၃၉၈၃) ဦးရှိပြီး အသက် ၆၀ နှစ် နှင့်အထက် သက်ကြီးရွယ်အို အပါအဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၆၄၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်ထွန်းမင်း မြို့နယ်(ပြန်/ဆက်)