တန့်ယန်း နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများအား ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေကို လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထိုသို့ မဲရုံများကို လှည့်လည်ကြည့်ရှုရာတွင် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစိုင်းဘိုဘိုနှင့် တာဝန်ရှိသူများက ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများအား ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းစံအေးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)