ရန်ကုန် နိုဝင်ဘာ ၁၁
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေး ပြေလညစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၄၀၀၀၀/-) ထောက်ပံ့ခြင်းကို ယနေ့ နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ စိစစ်ဖြန့်ဝေရေးအဖွဲ့များသို့ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၅)ရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စု (၆၃၂၄)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၅၂၉၆၀၀၀၀/-)ကျပ်အား ရသင့်ရထိုက်သူများ လက်ဝယ်သို့ အချိန်နှင့်တပြေးညီ အမှန်တကယ် ရရှိရေး သက်ဆိုင်ရာ စိစစ်ဖြန့်ဝေရေးအဖွဲ့များမှ ပြည်သူများလက်ဝယ်အရောက် လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)