ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive)တွေ့ရှိသူ(၁၆၅)ဦး၊ ကျန်းမာ‌ရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းလာသူ(၁၅၂)ဦးနှင့် သေဆုံးသူ(၆)ဦးထိရှိ

ကွမ်းခြံကုန်း နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စက်တင်ဘာလ(၁၃) ရက်နေ့မှစ၍ နိုဝင်ဘာ(၁၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၁၆၅) ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းလာသူ(၁၅၂)ဦးနှင့် သေဆုံးသူ(၆)ဦး ရှိသွားပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး(Positive) ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ(၅၉)ဦးအား မြို့ပေါ်နှင့် ကျေးလက် များတွင် ဖွင့်လှစ်ထားသော အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာ(၂)ခုဖြစ်သည့် မြို့မ ရပ်ကွက် အထက (၁) Quarantine Centreတွင် (၂၈) ဦး တော်လန်းကျေးရွာအုပ်စု အထက ကျောင်း Quarantine  Centre တွင် (၃၁) ဦးထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ များ၊ စေတနာရှင် ပြည်သူများ၏ ထောက်ပံ့ကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် အနီးကပ် ထိတွေ့သူများထားရှိရန် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာ(၂၇)ခု ပြင်ဆင်ထားပြီး(Positive)တွေ့ရှိသူများအား ယာယီထား ရှိရန်‌ အောင်ဆန်းသူရိယ အားကစားခန်းမအား(Positive Center)အဖြစ် ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)