ကျောင်းကုန်း၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစည်းအဝေးပြုလုပ်

ကျောင်းကုန်း နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ကျောင်းကုန်းမြို့ရဲ့ ပတ်ဝန်းကျင် မြို့နယ်တွေမှာ ပိုးတွေ့ရှိမှုများနေလို့ သတိပြုဖို့လိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် လူစုလူဝေးပြုလုပ်ပါက အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကုန်တင်မော်တော် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် mask မတပ်ဆင်သူများကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း ကပြောသည်။

အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)