ဒေါပုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ဒေါပုံ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကို ယနေ့  နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
ထိုသို့ ဒေါပုံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော  အိမ်ထောင်စုများအား ပဉ္စမအကြိမ် မြောက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၄၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၅၄၀၅) အတွက် စုစုပေါင်းငွေကျပ် (၂၁၆၂)သိန်း ထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်တို့က ရပ်ကွက်(၁၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)