မြောက်ဥက္ကလာပမြို့နယ်တွင် သက်သာသောဈေးနှုန်းများဖြင့် အသား၊ ငါး ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက် ကုန်များကို တတိယအကြိမ်မြောက် လှည့်လည်ရောင်းချ

မြောက်ဥက္ကလာ နိုဝင်ဘာ ၁၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှု​ဖြင့် အသား၊  ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များကို   တတိယအကြိမ်မြောက်  လှည့်လည် ရောင်းချ​ခြင်းကို    (ဇ) ရပ်ကွက်  ဥဇ္ဇနာလမ်းမမှစ၍ ယမန်နေ့ နံနက် ၇ နာရီမှ ၉နာရီ    အထိ ရောင်းချခဲ့ကြောင်း သိရသည်။     

ထိုသို့ရောင်းချရာတွင်      မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊  မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့်ဝန်ထမ်းများက ဈေးကား များဖြင့် ရောင်းချသူ၊ ဝယ်ယူသူများ စနစ်တကျ ဝယ်ယူရောင်းချနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ဈေးကားများကို (၅)ရက်လျင် (၁)ကြိမ် မြို့နယ်အတွင်း ရပ်ကွက်(၁၉)ရပ်ကွက်၌ လှည့်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်း ထံမှ သိရသည်။

မြမြဝင်း (ပြန်/ဆက်)

ဖုန်း ၀၉၄၂၂၂၂၆၆၂၀