မြောက်ဥက္ကလာပ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေး နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ်လှည့်ကင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၁၀ နာရီက (င)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင် များ၊ အမှတ်(၃)ရဲကင်းမှ တပ်ကြပ်ကြီး ရဝေလင်းထိုက်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay at Home နေစဉ်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုများနှင့် ဒုစရိုက်မှုများ ကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပြည်သူများ အချိန်မတော် သွားလာမှုမရှိစေရေးကို လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းများဖြင့် ညစဉ် မြို့နယ် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)