မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ခြေခံလူတန်းစား အိမ်ထောင်စု (၅၅၉၂)စု အတွက် ထောက်ပံ့ငွေများပေးအပ်

စေတုတ္တရာ      နိုဝင်ဘာ           ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ နိုင်ငံတော်အစိုးရမှ စတုတ္ ထကြိမ်မြောက် ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၅၉၂)စုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က နိုင်ငံတော် အစိုးရမှ(စတုတ္ထအကြိမ်)မြောက် ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သော ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပြည်သူများလက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ စနစ်တကျ  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ရောဂါကြောင့် လတ်တလောစားဝတ်နေရေး အဆေင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၅၅၉၂)စုအတွက် ထောက်ပံ့ငွေကျပ် (၁၁၁၈၄၀၀၀၀)ကို ဌာနဆိုင်ရာ အကြီးအကဲ များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်ပြီး ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။      

စည်သူလွင်(ပြန်/ဆက်)