စဉ့်ကိုင် နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်တည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၁)နာရီက ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြခံလူတန်းစားအိမ်ထောင်စု (၁၁၈)စုအား ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြား ချက်အတိုင်း အုပ်စုခွဲ၍ လက်ဝယ်ရောက် စနစ်တကျ ထပ်ဆင့် ထောက်ပံ့ ပေးအပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ရာဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု များအားရပ်ကွက်/ ကျေးရွာအုပ်စု (၅၃)အုပ်စုတွင် အိမ်ထောင် စု(၂၄၃၅)အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၈၂၇၀၀၀၀၀)အား သက်ဆိုင်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အိမ် ထောင်စုများသို့ လက်ဝယ် အရောက်ပြန်လည်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင် ပြန်/ဆက်)