ကိုဗစ်-၁၉‌‌ ရောဂါ ကြိုတင် ကာကွယ်၊ထိန်းချုပ် နိုင်ရေးအတွက် အ ပြင် ထွက် တိုင်း နှာ ခေါင်း စည်း (mask) တပ် ဆင် ခြင်း အား   လိုက် နာ မှု ရှိစေရန် အသိပညာပေး လုပ်ငန်း အား အ ရှိန်  အဟုန် မပျက် ဆက်လက် ဆောင်ရွက်

ကွမ်းခြံကုန်း       နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်း ဒေသကြီး၊တောင်ပိုင်း ခရိုင် ကွမ်းခြံကုန်း မြို့နယ် တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေး အတွက် ဌာန ဆိုင်ရာ များ၊ အရပ်ဖက် အဖွဲ့ အ စည်း များ ပူးပေါင်း ပါ ဝင် သော ကိုဗစ်-၁၉ စည်းကမ်း ထိန်း သိမ်း ရေး အဖွဲ့မှ အသိပညာ ပေးခြင်း၊စည်းကမ်း လိုက်နာမှု မရှိသူ များ အား ဒဏ်ငွေပေးဆောင် စေခြင်း များကို ယမန် နေ့ မနက် () နာရီ က စ ၍မြို့မဈေးကြီး အတွင်းနှင့် မြို့လယ် အဝိုင်း၊ ဇာ တိ မာန် ခန်း မ အ‌ ရှေ့ ဗိုလ်ချုပ်် လမ်းမကြီး ပေါ်တွင် ဆောင် ရွက် ခဲ့ကြောင်း သိ  ရသည်။

အဆိုပါ အသိ ပညာပေး နှိုး‌ ဆော်ခြင်းနှင့် စည်း ကမ်းထိန်း သိမ်းရေးဆောင်ရွက်မှုကို မြို့မဈေးကြီး အတွင်းဈေးရောင်းချသူ ဈေးဝယ်သူများ အားကိုဗစ်-၁၉‌ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကူးစက် ပျံ့နှံ့မှု မရှိစေရေး အတွက် နှာခေါင်းစည်း (mask)ကိုစနစ် တကျ တပ်ဆင် ရန်၊အရောင်း အဝယ် ပြု လုပ် ရာတွင် တစ်ဦးနှင့် တစ်ဦး ()ပေ အ ကွာ ရောင်း ချ ရန် အ သိပေး နှိုး ဆော် ခြင်း၊နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း မရှိသူများ အား ဒဏ်ငွေ(၂၀၀) ကျပ်ချက်ချင်း ပေးဆောင်စေ၍နှာခေါင်းစည်း(mask)တစ်ခုပေးပြီး တပ်ဆင်စေခဲ့ကြောင်း သိရသည်။

ထို့အပြင် ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင်သွားလာနေသော အများပြည်သူများ၊ စက်ဘီး ၊ဆိုင် ကယ်၊ အ‌နှေးယာဉ်၊မော်တော်ယာဉ် များပေါ်တွင် စီးနင်း လိုက် ပါလာသူ များအား ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက် များအားလိုက်နာရန် အသိပေး နှိုးဆော်ခြင်း၊အပြင် ထွက်တိုင်း (mask)တပ်ရန် နှင့် (mask) တပ်ဆင်ခြင်း မရှိသူများ အား ဒဏ်ငွေ (၂၀၀) ကျပ်ပေးဆောင် စေခြင်းဖြင့် အလေးထားလိုက်နာမှုရှိစေရန်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်အရှိန် အဟုန် မပျက်ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)

                       Ph 09799388859